Venerable Sayadaw U Osadha

Residence: 1997 – present

ဓမ္မမပါ၊ ဘဝဟာ၊ ရတာ အရှုံးဖြစ်။
လူဖြစ်လာရ၊ သင့်ဘဝ၊ ကုသိုလ်ရမှ အမြတ်ထွက်။
သတိပဋ္ဌာန်၊ နည်းအမှန်၊ ဒုက္ခငြိမ်းရန် ဧကန်ဖြစ်။

Sayadaw U Osadha
 
 
ခံယူထိုက်သူ ဖြစ်ပါစေ...
အစ္ဆရာသံဃာတမတ္တမ္ပိ မေတ္တာစိတ္တံ အာသေဝန္တော ဘိက္ခု ရဋ္ဌပိဏ္ဍဿ သာမိကော ဟုတွာ ပရိဘုဉ္ဇတိ
မေတ္တာကို လက်ဖျစ် တစ်ချက်တီးစာမျှ ပွားများထားရင်တောင် ထိုရဟန်းသည် တိုင်းပြည်ကလှူသော ဆွမ်းကို ထိုက်ထိုက်တန်တန် စားသုံးနိုင်၏။
ထိုထက်သာ၍ ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို မိအောင်များ ရှုပွားနိုင်ပါမည်ဆိုလျှင် ဘာပြောဖွယ်ရာ ရှိပါတော့အံ့နည်း။
သူတို့ နေ့စဉ် ဘုရားရှိခိုးကြ၏။ မေတ္တာပို့ကြ၏။ တရားထိုင်ကြ၏။ စာသင်ကြ၏။ ရဟန်းသာမဏေ နေထိုင်နည်း သင်ယူရ၏။
တရားချိန်၌ ထိုင်၍လည်း ရှုမှတ်ရ၏။ စင်္ကြန်လျှောက်၍လည်း ရှုမှတ်ရ၏။ ရပ်၍လည်း ရှုမှတ်ရ၏။ ဤကဲ့သို့သော ရဟန်းမျိုးသည် အလှူမှန်သမျှ ခံယူထိုက်တော့၏။

အရှင်ဩသဓ
ဇွန်လ ၁၇-ရက်၊ ၂၀၂၅-ခုနှစ်။